ရန်ကုန်၊ စက်တင်ဘာ ၂၉
မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ဆင်မှုကို ခံနေရသဖြင့် မြေပြင်ရှေ့တန်းအဖွဲ့များအတွက် ခဲယမ်းများ အရေးတကြီးလိုအပ်နေသောကြောင့် ပြည်သူများ နိုင်သလောက်ပါဝင်ပေးကြရန်အတွက် နှိုးဆော်ကြောင်း ထောက်ပို့လုပ်ဆောင်နေသူများထံမှ သိရသည်။
“တတ်နိုင်သူက ၅သောင်းလောက်ထည့်ဝင်ပေးရင်ကို အယောက်(၁၀၀)ဆို သိန်း(၅၀)ရတာမို့ လိုအပ်တဲ့ နှုတ်ခမ်းနီတွေ အတော်အသင့်ပို့နိုင်မှာပါ။ (၅)သောင်း မတတ်နိုင်သူတွေကလည်း နိုင်သလောက်လေး ပါဝင်ပေးကြရင်း မိုးဗြဲအတွက် အတူတူရှိကြပေးပါဦး”ဟု ထောက်ပို့လုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။
Short Campaign အဖြစ် အောက်တိုဘာလ (၂)ရက်နေ့အထိသာ ကောက်ခံမည်ဖြစ်၍ ပါဝင်မည်ဆိုပါက Ko Phyo m.me/KoPhyoOFP
မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း၊ ဂုဏ်ပြုလက်မှတ်ကို Email မှတစ်ဆင့် ပြန်ပို့ပေးမည့်အပြင် NUG Pay နှင့်လည်း အလွယ်တကူ ငွေလွှဲနိုင်ကြောင်း သိရသည်။