ရန်ကုန်၊ စက်တင်ဘာ ၂၉
ကနီမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ရှိနေသဖြင့် ကုန်စျေးနှုန်း တက်နေကြောင်း၊ ပြည်သူများ ကုန်စျေးနှုန်း အဆမတန် တက်နေသည့် အတွက် အခက်အခဲရှိနေကြောင်း သိရှိစေရန် ကုန်စျေးနှုန်းနှင့် အတူ စစ်အာဏာရှင်စနစ်ပါ ဖြုတ်ချရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။