25 C
Yangon

ရန်ကုန်မြို့လယ်ခေါင် မဟာသိမ်တော်ကြီးအနီးတွင် စစ်သား ၁ ဦး ပစ်သတ်ခံရပြီးနောက် ဆိုက်ကားသမား ၁ ဦးနှင့် လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်၊ အမျိုး သမီး ၁ ဦးကျည်ထိမှန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရန်ကုန်မြို့လယ်ခေါင် ပန်းဘဲတန်း မဟာသိမ်တော်ကြီးတွင် ယနေ့ ညနေပိုင်း စစ်သား ၁ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ဆိုက်ကားသမား ၁ ဦးနှင့် လူငယ် ၂ ဦးကို ပစ်သတ်လိုက်ကြောင်း၊ အမျိုးသမီး ၁ ဦးလည်း ကျည်ထိမှန်ကြောင်း ဒေသခံများက ပြောသည်။

“ရန်ကုန် ပန်ဘဲတန်း၊ သိမ်တော်ကြီးရှေ့မှာ စစ်တပ်က ဆိုက်ကားသမား ၁ ယောက်၊ လူငယ်၂ယောက်ကိုခုပဲပစ်သတ်ပြီးလမ်းတွေအကုန်ပိတ်ထားပါတယ်။ စစ်သား၁ဦးသေတယ်။ ပြည်သူ ၃ ဦး အသတ်ခံရတယ်။ အမျိုးသမီး ၁ ဦးကျည်ထိထားတယ်။ လမ်းတွေပိတ်ထားတဲ့အပြင် ပစ်ခတ်မယ့် အသင့်အနေအထားဖြစ်နေတာ” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံက ပြောသည်။

ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးအနီးတွင်ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပြီး လမ်းများပိတ်ဆို့လိုက်ကြောင်း ဒေသ ခံများက ပြောဆိုသည်။

လက်ရှိတွင် မဟာဗန္ဓုလလမ်းမကြီးကို ဆူးလေလမ်းပတ်ဝန်းကျင်အထိ လမ်း ပိတ် ထားပြီး ရဲနှင့်စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက်လုပ်ဆော်ငလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပန်းဘဲတွင်း ၂၀၂၀ ခုနှစ်က လုံခြုံရေးယူကြသည့် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article