ရန်ကုန်၊ ဖေဖော်ဝါရီ ၅
မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ်စုပေါင်းသပိတ်စစ်ကြောင်းက ဦး ဆောင် ကာ မန္တလေးစုပေါင်း သပိတ်စစ်ကြောင်းသည် “လူထုတိုက်ပွဲမှ လူထုအောင်ပွဲဆီသို့” ကြွေးကြော်သံဖြင့် အာဏာရှင်ဆန့်ကျင်ရေး ယနေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြသည်။
လက်နက်ကိုင်စစ်အုပ်စုဟာ ယနေ့အချိန်ထိ ပြည်သူလူထုအပေါ် ရာဇဝတ်မှုပေါင်းများစွာက်ို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ထို့ကြောင့် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေမှ ကာလတိုအတွင်း အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် ပြည်သူလူထုတစ်ရပ်လုံးက ဒီမြန်မာ့နွေဦးတော်လှန်ရေးတိုက်ပွဲနည်းနာများတွင် ယခင်ကာလများထပ် ပို၍ တော်လှန်ရေး၏ ကျရာအခန်းကဏ္ဍမှ အား သွန်ခွန်စိုက် ဆက်လက်တိုက်ပွဲဝင်ကြပါရန် သပိတ်စစ်ကြောင်းက နှိုးဆော်ထားသည်။
Photos- Black, Poison, Spring Diary