25 C
Yangon

ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးကို ပစ်ခတ်ရှင်းလင်း‌ပြီး သေနတ် ၄ လက် သိမ်းဆည်းနိုင်ဟု PDF များပြောဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယမန်နေ့တွင် ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် သိမ်းဆည်းရမိကြောင်း အမိမြေ တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ Young People Force နှင့် Salingyi GZ Local PDF တို့ ပူးပေါင်းပြီး ညောင်ပင်ကြီးရဲစခန်းမှ ထွက်လာသော ရဲ ၄ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ G-3 သေနတ် (၄) လက်၊ ကျည်ဘောက်များ ၊ ကျည်များနှင့် လက်ပစ်မိုင်း (၁) လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစျေးတွင် ယမန်နေ့ သေ နတ်လွယ်ပြီး စျေးဝယ်ထွက်လာသည့် ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ သေနတ် ၄ လက် သိမ်းဆည်းခံလိုက်ရကြောင်း ရဲသတင်း ရင်းမြစ် နှင့်ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး နံနက်ခင်းစျေးသို့ ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးဖြစ်ကြသည့် ရဲ ဒုတပ်ကြပ် ညီညီထွေး ၊ ရဲဒုတပ်ကြပ် စည်သူစိုး ၊ ရဲတပ်သား အောင်ဆန်းဝင်း နှင့် ရဲတပ် သား ဇင်ကိုဖြိုးတို့ သေနတ်များ လွယ်၍ စျေးဝယ်ထွက်လာကြကြောင်း၊ ရဲ ၄ ဦးကို ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ပြီး ရဲ ၄ ဦးလုံး သေဆုံးကာ လက်နက် ၄ လက်နက်ကို သိမ်းဆည်းသွားကြောင်း သိရှိရသည်။

“ရဲ ၄ ဦးက သေနတ်တွေလွယ်ပြီး အရပ်ဝတ်တွေနဲ့လာတာပါ။ ပစ်ခတ်မှုဖြစ်တာ ၅ မိနစ်၊ ၁၀ မိနစ်ပဲ အရမ်းမြန်တယ်။ နောက်တော့ တစ်စျေးလုံး အကုန်ဆိုင်တွေ ပိတ်ပြီး စျေးက လူမရှိတော့ဘူးဖြစ်သွားတယ်။ မနေ့ညကလည်း ဆားလင်းကြီးမြို့ပေါ်မယ် ကင်းတွေ ပတ်တယ်။ ရဲတွေက လက်ဖက်ရည်ဆိုင်ထိုင်လည်း အပစ်ခံရ၊ စျေးသွားလည်း အပစ်ခံရဖြစ်နေတာ” ဟု ဆားလင်းကြီးမြို့ခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article