29 C
Yangon

အလောင်းတော်ကဿပမှ ဆင်ဦးစီးနှင့် ဆင်များက ယင်းမာပင် PDF နှင့်ပူး ပေါင်း၍ စစ်အာဏာရှင် တော်လှန်ရေးတွင် ပါဝင်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပဘုရားဖူးရာတွင် အသုံးပြုသည့် ဆင်ဦးစီးနှင့် ဆင်များသည် စစ်အာဏာရှင်ကို ဆန့်ကျင်ကာ ယင်းမာပင် PDF နှင့် ပူးပေါင်းနေပြီး တော်လှန်ရေးတွင် တဖက်တလမ်းမှ ပါဝင်နေကြောင်း ယင်းမာပင် PDF ထံမှ သတင်းရရှိသည်။

“CDM မလုပ်ဖို့ အာဏာသိမ်းပြီးပြီးခြင်း စစ်တပ်က လာစည်းရုံးပါတယ်။ ဒါပေမယ့် ဆင်ဦးစီးတွေက လက်သုံးချောင်းထောင်ပြီး ဆန္ဒပြလိုက်လို့ သူတို့ရဲ့ သေ နတ်တွေ ပြန်သိမ်းသွားတာပါ။ အဲ့ဒါနဲ့ ဆင်တွေရော ဝန်ထမ်းတွေရော ယင်းမာပင် တပ်ရင်း ၁ နဲ့ ပူးပေါင်းလိုက်တာပါ” ဟု ယင်းမာပင် PDF တာဝန်ခံ ဗိုလ်သံမဏိက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယင်းမာပင် PDF တပ်ရင်း ၁ လက်အောက်၌ ဆင်ကြီး ၃၅ ကောင်နှင့် ဆင် ပေါက် ၂ ကောင် ရှိကြောင်း သိရှိရပြီး အချို့ ဆင်များသည် တော်လှန်ရေးအတွင်း တဖက်တလမ်းမှ ပါဝင်နေကြောင်း သိရှိရသည်။

“ဆင်ဦးစီးတွေက ယင်းမာပင် PDF နဲ့ လက်တွဲပြီး စစ်တပ်ကို တိုက်နေပါတယ်၊ ဆင်တွေကတော့ ပစ္စည်းတွေ သယ်တဲ့နေရာမှာ သုံးပါတယ်။ အရင်ကသူတို့ကို CDM ထောက်ပံ့ကြေး တစ်နှစ်ကျော် ပေးလာခဲ့ပေမယ့် အခု ၃ လလောက်ရှိပြီ၊ မပေးနိုင်တော့ဘူး ဖြစ်နေတယ်” ဟု ဗိုလ်သံမဏိက ရှင်းပြသည်။

လက်ရှိ ယင်းမာပင် PDF တပ်ရင်း ၁ နှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော ဆင်ဦးစီးနှင့် ဆင်များသည် လုံခြုံသည့်နေရာတွင် ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article