28 C
Yangon

မြောင်၊ ညောင်ကားယားရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံးပြာကျပြီး ပစ္စည်းများလည်း ဖျက်ဆီးခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း ​မြောင်မြို့နယ် ညောင်ကားယားရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသောကြောင့် နေအိမ် ၅ လုံးပြာကျခဲ့ကြောင်း ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ကားယားရွာကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းထိ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ခဲ့ပြီး ပြည်သူပိုင် ကားနှင့် ဆိုင်ကယ်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မနေ့က စစ်ခွေး စစ်ကြောင်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာက ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒီနေ့ နံနက်လည်း ရွာထဲမှာ ရှိတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်။ ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးကို ဖျက်ဆီးသွားသေးတယ်။ ပြည်သူတွေလည်း ဖမ်းဆီး ရိုက်နှက်ခံရတယ်” ဟု Myaung Eagle သတင်းမှန် ပြန်ကြားရေး တာဝန်ခံ ကိုစတင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article