ရန်ကုန်၊ အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများကို အလေးပြုပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆီမီးသပိတ်ကို အောက်တိုဘာလ ၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
“တော်လှန်သီတင်းကျွတ်””ဓမ္မကိုဂုဏ်ပြုပူဇော် “”အဓမ္မကို လောင်ကျွမ်း”
“လုံးဝအုပ်ချုပ်ခွင့်မရစေရ” စာသားပါ ဘန်နာများကိုင်ဆောင်၍ အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြကြသည်။