27 C
Yangon

မြိုင်၊ ဝက်သိုးအိုင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၂ လုံးပြာကျ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မကွေးတိုင်း မြိုင်မြို့နယ် ဝက်သိုးအိုင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၂ လုံး ပြာကျခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် မြိုင်မြို့နယ် အရှေ့ပိုင်းရှိ ဝက်သိုးအိုင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဝက်သိုးအိုင်ရွာကို မီးရှို့​ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် နေအိမ် ၂၂ လုံးနှင့် နွားစာခြံ ၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဝက်သိုးအိုင်ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှင်မတောင်၊ ကြံစိမ့်ကြီး ဘက်သို့ အထွက်ခွာရန် ပြုလုပ်နေစဥ် ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်တွင် ရေစကြိုမြို့နယ် သရက်ပင်ကန်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article