ရန်ကုန်၊ အောက်တိုဘာ ၁၁
စစ်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းမည်ဟု ပါတီဗဟိုအလုပ် အမှုဆောင် ဦးစောလှထွန်းက လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့သော် လည်း ယင်းသတင်းကို ပါတီဝင်များနှင့် တိုင်းအဆင့် ပါတီဦးဆောင်သူတချို့ပင် မသိရှိကြသေးဟု ပါတီဝင်တချို့က ပြောသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးစောလှထွန်းက “နိုင်ငံရေးမှ အနားယူခွင့်ရ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပါတီမှတ်ပုံတင်ခြင်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေပါပြီ” ဟု ယနေ့ လူမှုကွန် ရက်တွင် ရေးသားဖော်ပြသည်။
“ကျနော်တို့ မသိသေးဘူးဗျ။ ပါတီဖျက်မယ်ဆိုတာကို ။ ဒီနေ့ သတင်းတွေတက်လာမှာ သိရတာ။ ပါတီထဲမှာတော့ ဖျက်သိမ်းဖို့ ဆိုတာမျိုး တရားဝင် အသိပေးတာလည်းမရှိသေးပါဘူး။ ပါတီက UEC မှာ အစစ်ဆေးခံတယ်။ စာရင်းတွေလည်း အစစ်ခံတော့ ရွေးကောက်ပွဲဝင်မယ်လို့ ထင်ထားတာ။ ဖျက်တယ်ဆိုတော့ ဖျက်တယ်ပေါ့” ဟု တိုင်းအဆင့် ပါတီ ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ -UBP ကို သူရရွှေမန်းက ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် တရားဝင် ဖွဲ့ စည်း တည်ထောင်ခဲ့ပြီး ၃ နှစ်ကျော်အကြာ တွင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ။