25 C
Yangon

မြောက်ဥက္ကလာရှိ စစ်တိုက်လေယာဉ်ပိုင်းလော့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ထွန်း၏ နေအိမ် ဗုံးခွဲခံရ၊ ကျော်ကျော်ထွန်း၏ မိခင်ဖြစ်သူ ဗုံးစ ထိမှန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ စ ရပ်ကွက်ရှိ စစ်တိုက်လေယာဉ်မှူး ပိုင်းလော့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ထွန်း၏ နေအိမ် ယနေ့ည ၈ နာရီကျော်အချိန်တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ကျော်ကျော်ထွန်း၏ မိခင် ဗုံးစထိမှန်ကြောင်း ဒေသခံများက ပြောသည်။

Operation Spitfire က ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်လေတပ်ပိုင်းလော့များ၏ အမည်များကို ထုတ်ပြန်ပြီးနောက် ပိုင်းလော့ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ထွန်း၏ နေအိမ်ကို ယနေ့ ညပိုင်းတွင် ဗုံးခွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြောက်ဥက္ကလာ၊ သန္တာ ၅ လမ်းမှာ လေတပ်ပိုင်းလော့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ထွန်းအိမ်မှာ ဗုံးပေါက်ပါတယ်။ လမ်းထဲကတော့ ဘယ်သူမှ အပြင်လည်း မထွက်ရဲကြဘူး။ ဒုတိယဗိုလ်မှူး‌ကြီး ကျော်ကျော်ထွန်းရဲ့ မိသားစုလုံးရှောင်နေကြတာ။ သူတို့က အတော်ကြာပြီ ရှောင်နေကြတာ။ အခုမှ အိမ် ပြန်ရောက်တာ ၁ ပတ် တောင်မကြာသေးဘူး။ ဗုံးပေါက်ပြီးတော့ စစ်ကားတွေကို ခေါ်ပေမယ့် လာတာမတွေ့ဘူး။ ဗုံးခွဲတဲ့ အသံက တော်တော်ကျယ်တယ်။ သူ့အမေ ခြေထောက်ထိတယ်လို့ ပြောသံကြားတယ်။ ဗုံးက သူတို့ အိမ်ရှေ့ပန်းပင်တွေကြားမှာကျပြီး ဗုံးကွဲတယ်။ လမ်းထဲ ဆန္ဒပြကလေးတွေကို ဖမ်းခိုင်းတာ၊ CDM ရဲမှူးအိမ်ချိတ်ပိတ်တာ။ CDM ဆရာမလေးတွေ ပြေးရတာ သူ့ကြောင့်ပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒုမှူးကြီးကျော်ကျော်ထွန်း ဂျက်တိုက်လေယာဉ် ပိုင်းလော့ဖြစ်ပြီး ဌာနမှူး၊ လကက လေတပ် အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်၊ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြုပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ကရင်နီပြည်နယ်တို့မှ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေပြီး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့ လက်ယက်ကုန်းစာသင်ကျောင်းမှ ကလေးငယ်များကို စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

ဓာတ်ပုံ- မင်းအောင်လှိုင်နှင့် လေတပ်အရာရှိတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article