25 C
Yangon

Must read

တီးတိန်မြို့​ပေါ် ထွေ/အုပ်ရုံးနှင့် မြို့နယ်လ၀ကရုံး မီးလောင်ပြီး တိုက်ပွဲ ဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁၁

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ် မြို့မရပ်ကွက်ရှိ မြို့ နယ်လ၀ကရုံးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ယနေ့ ညပိုင်းတွင် မီးလောင်ကျွမ်းပြီး နှစ်ဖက် အပြန် အလှန် ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ည ၉ နာရီခွဲအချိန် လ၀ကရုံးနှင့် ထွေအုပ်ရုံးတွင် မီးများလောင်ကျွမ်းပြီးနောက် အပြန်အလှန် ပစ်ခတ်သံများကြားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“တီးတိန်မြို့ မြို့မရပ်ကွက် ဗုံးသံ သေနတ်သံ အဆက်မပြတ်ကြားရပြီးနောက် အဆောက်အအုံ ၂ ခုမီးလောင်တယ်။ အခုတော့ ငြိမ်သွားပြီ။ လက်နက်သံတွေ။ မီးလောင်တာက လဝကရုံး လို့ သိရပါတယ်။ အခုချိန်ထိ ဘယ်သူမှ အပြင်မထွက်ရဲပါဘူး” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- ယနေ့ တီးတိန်မြို့ပေါ်တွင် မီးလောင်နေသော မြို့နယ်လ၀ကရုံးနှင့် ထွေအုပ်ရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article