21 C
Yangon

ကရင်နီတွင် ထိုးစစ်ဆင်နေသော ခမရ ၄ မှ တပ်သားလွင်မိုးသူ ကရင်နီပြည်သူ့ရင်ခွင်ထံ အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄ မှ တပ်သား လွင်မိုးသူသည် အောက်တိုဘာလ ၁၁ ရက် ယမန်နေ့၌ ကရင်နီပြည်သူ့ရင်ခွင်ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

အင်းမမြို့အခြေစိုက် ခမရ ၄ မှ တပ်သား လွင်မိုးသူသည် ၎င်းကိုင်ဆောင်သည့် MA အမျိုးအစား သေနတ်နှင့်တကွ အလင်းဝင်လာကြောင်း သိရှိရသည်။

တပ်သား လွင်မိုးသူကို သိန်း ၆၀ ကျပ် ချီးမြှင့်လိုက်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က သတင်းထုတ်ပြန်သည်။

ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့သည် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိတွင် CDM ပြုလုပ်ထားသူ စစ်သားအချို့က ကရင်နီပြည်သူ့ရင်ခွင်နှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article