20 C
Yangon

ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး စစ်သားနှင့်ရဲ ၁၅ ဦးခန့် ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်း (ကင်မွန်းချောင်း) ကျေးရွာအနီး၊ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမည်စိစစ်ဆဲ အဖွဲ့က အောက်တိုဘာလ ၁၂ ရက် ယနေ့ နံနက်၌လာရောက်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၂ ရက် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်မှ စတင်ကာ လက် နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားရပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒေသသတင်းရင်းမြစ်များကမူ ကျိုက်ထီးရိုးတောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၁၅ ဦးခန့် ဒဏ်ရာရကာ ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖော်ပြကြသည်။

“ဝင်းကလောကျေးရွာဘက်မှာ ဖြစ်တာ၊ ကင်မွန်းချောင်းနဲ့ ကျိုက်ထိုကြားမှာပါ။ မနက် ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီ ကျော်အထိ ဖြစ်နေတယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကို ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့များ ယာဉ်တန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ဓါတ်ပုံ – ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article