26 C
Yangon

စစ်ကိုင်းတိုင်းအတွင်း စစ်ကားနှင့် လှည့်ကင်းကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၅ ဦးခန့်သေဆုံး၊ ဟင်္သာတတွင်လည်း ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင်မှ ရိက္ခာရှာရန် ထွက်လာသည့် စစ်ကားနှင့် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၅ ဦးခန့်သေဆုံးကြောင်း သိရသည်။

ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ကျေးရွာအတွင်းမှ ရိက္ခာရှာဖွေရန် စစ်ကား ၁ စီး၊ ခြေလျင်စစ်ကြောင်းတို့ဖြင့် ထွက်ခွာလာစဥ် ချင်းတွင်း တိုက်ဂါး-LPDFနှင့် နဂါးညီနောင် အဖွဲ့တို့ ပူးပေါင်းကာ ပဒေသာမိုင်း ၁၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၅ ဦးခန့် သေဆုံး ခဲ့ကြောင်း ချင်းတွင်း တိုက်ဂါး-LPDF အဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းမြို့နယ် ကံတလူတိုးဂိတ်နှင့် ပဲကတိုးရွာ အကြား တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လှည့်ကင်းကား မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်မှ လှည့်ကင်းကားကို အောက်တိုဘာလ ၁၃ ရက်နေ့ ည ၉ နာရီ ၄၇ မိနစ်ခန့်တွင် အညာသားလေး (SGG)၊ စစ်ကိုင်းမြို့နယ် (ပကဖ)၊Fight for Fetral Phonix (SGG) ညီနောင်မဟာမိတ်တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး ချက်ခြင်း ရောက်ရှိလာကာ ညတွင်းချင်း နယ်မြေ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သောကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း အညာသားလေး (SGG) အဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ပြင် ဧရာဝတီတိုင်း ဟင်္သာတမြို့ အဝိုင်းတွင် စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် အမှတ် ၂ ရဲစခန်းတို့ ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း HLPDF အဖွဲ့ထံမှ သိရသည်။

ဟင်္သာတမြို့ အဝိုင်းပတ်တွင် မော်တော်ယာဥ်၊ ဆိုင်ကယ်၊ စက်ဘီးများကို ဖမ်းဆီးနေသည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် အမှတ် (၂) ရဲစခန်းတို့ကို အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ဟင်္သာတမြို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)နှင့် ဟင်္သာတ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (HLPDF)တို့မှ ပူးပေါင်းကာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article