28 C
Yangon

ကြည့်မြင်တိုင်တရားရုံးတွင် ယနေ့နံနက် ဗုံးပေါက်ကွဲပြီး တရားရုံးအတွင်း ပျက်စီးမှု တချို့ ဖြစ်ပေါ် ၊ စစ်တပ်က လမ်းပိတ်စစ်ဆေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် တရားရုံးတွင် ယနေ့ ဗုံးပေါက်ကွဲပြီး တရားရုံးအဆောက်အဦး ပြတင်းပေါက်မှန်တချို့ ကွဲကြေသွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“ကြည့်မြင်တိုင်ညဈေးနားမှာရှိတယ် တရားရုံးမှာ ဒီမနက်အစောပိုင်းမှာ ဗုံးပေါက်တယ် ။ တရားရုံးမှန်တွေကွဲသွားလို့ အောက်မှာသန့်ရှင်းရေးတွေလုပ်နေတယ်။ စစ်ခွေးတွေလည်း ကားငါးစီးနဲ့ အဲဒီနားမှာ အသင့်နေရာယူထားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဗုံးပေါက်ကွဲပြီးနောက် ကြည့်မြင်တိုင်တရားရုံးအနီးတွင် နံနက် ၁၁ နာရီကျော်အထိ အကြမ်းဖက်စစ်တပ်က ကားများနှင့်လူသွားလူလာများကို ရပ်တန့်စစ်ဆေးကြောင်း၊ အထူးသဖြင့် အိမ်စီးကားသေးများနှင့် လူငယ်များကို ဦးစားပေး စစ်ဆေးနေကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယမန်နှစ်စစ်ဆေးမှုများလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article