26 C
Yangon

ရွှေဘိုတွင် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် ကားနှင့် ဆိုင်ကယ်များ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်​​ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသော ကား ၁ စီးနှင့် ဆိုင်ကယ် ၅ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

ပလိုင်းရွာတွင် ၂ နှစ်ခန့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရွှေဘိုဘက်မှ ပလိုင်းဘက်သို့ စူပါကာစတန် ကား ၁ စီးဖြင့် ထွက်ခွာလာစဥ် ချီပါရွာနှင့် မဲတောရွာအကြား ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

ပလိုင်းရွာမှ ကွန်ဆိပ်ရွာသို့ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဆိုင်ကယ် ၅ ဦးဖြင့် ထွက်ခွာလာစဥ် ပဒေသာမိုင်း ၈ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေတြိဂံပြည်သူ့ ကာကွယ်ရေးတပ်ခွဲ၊ ရွှေမင်းသား တပ်စု၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ နဂါးနီတပ်ခွဲနှင့် ဒေါင်းနီတပ်ခွဲ၊ လျှပ်စီး မုန်းတိုင်း ပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျား တပ်ဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘလူးဘကျော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာ မြင်းရိုင်း၊ Shwe Freedon Force၊ ပျံ People Defence Force တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article