ရန်ကုန်၊ အောက်တိုဘာ ၁၇
ဝမ်းတွင်းမြို့ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“သွေးမအေး သပိတ် ပြုလုပ်ရခြင်းက အကြမ်းဖက် စကစ ရဲ့ လုပ်ရပ် အောက်မှာ ငြိမ်ခံနေရခြင်းဟာ ဝမ်းတွင်းသူ/သားတွေ သဘောကျလွန်းလို့မထင်နဲ့ မင်းတို့ကိုဘယ်တော့မှကမ္ဘာမကြေဘူးဆိုတာ ပြချင်လို့ ပြုလုပ်ရတာပါ” ဟု သပိတ် ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။