28 C
Yangon

ရေစကြိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံး၊ချောင်းဦး-စစ်ကိုင်း လမ်းပိုင်းတွင် စစ်တပ်ယာဥ်တန်း ၂ ကြိမ် မိုင်းဆွဲခံရမှု ၂၀ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးကြောင်း ရေစကြို ပကဖ အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သံပြာချောင်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တောင်ဦးရွာအနီး ဒေသခံ ကာကွယ်ရေးဘတပ်ဖွဲ့များနှင့် ၂ ကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်း ၃ နာရီခန့်တွင် တောင်ဦးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးနေစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရေစကြိုနှင့် မြိုင်မှ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း၂ ၊Urban Underground Revolution Force-YSO (UURF)၊နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)နှင့် ရေစကြိုနှင့် မြိုင်မှ လက်နက်ကြီး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချောင်းဦး-စစ်ကိုင်း လမ်းပိုင်းတွင် စစ်ကား ၄ စီးပါ ယာဥ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခံရပြီး ၂၀ ဦးသေဆုံးကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အရာတော်မြို့နယ် မလဲသာရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် ယာဥ်တန်းသည် အောက်တိုဘာလ ၁၇ ရက်နေ့၌ ချောင်းဦးမှ စစ်ကိုင်းသို့ ထွက်ခွာလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ငါးယှန်နှင့် နတ်ရေကန်ကြားတွင် မိုင်း ၂ နေရာဆွဲ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” မနေ့က ဖြစ်စဥ်ကို ကျွန်တော်တို့ ထပ်ပြီး အတည်ပြုချက် လုပ်နိုင်ခဲ့တယ်။ အကြမ်းဖက် စစ်ခွေး အကောင်ရေ ၂၀ ဘဝ ပြောင်းသွားတယ်လို့ ထပ်မံသိရှိရပါတယ်” CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM၊ CDSOM ၏ တူမီးဖိုက်တာအဖွဲ့၊ CDSOM ၏ အနောက်/မြောက်ပိုင်း တိုက်ခိုက်ရေးနှင့်ကာကွယ်ရေး ဗိုလ်စကြာအဖွဲ့၊ One PDF ၊ Young Fighters People’s Defense Force-YFPDF ၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2Wနှင့် ဒီမိုပြောက်ကျားအဖွဲ့စသည့် မဟာမိတ်တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Photo – ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article