ရန်ကုန်၊ အောက်တိုဘာ ၁၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာ ပါဆယ်ဗုံးပေါက်ကွဲမှုတွင် ထောင်ဝန်ထမ်း ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဟု စစ်တပ်သတင်းဌာန News of Myanmar တယ်လီဂရမ်က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၃ မိနစ်အချိန်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး နှစ်ကြိမ်ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ထောင်ဝန်ထမ်း တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနှင့် တပ်သားပိုးအိဇံတို့သေဆုံးပြီး ၇ ဦးမှာဗုံးစထိမှန်ဒဏ် ရာများရကြောင်း သိရှိရသည်။
ဂိတ်စောင့် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထောင်ရှေ့ အဆောက်အအုံများ ကျည်ထိမှန်ပြီး ပြည်သူများလည်း ကျည်ထိမှန်ကြောင်း၊ လတ်တလော အင်းစိန်ထောင်ရှေ့တစ်ခုလုံးကို စစ်တပ်က အလုံးအရင်းဖြင့် ပိတ်ဆို့ထားကြောင်း သိရှိရသည်။