ရန်ကုန်၊ အောက်တိုဘာ ၁၉
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပြည်သူ့အပေါ်ရက်စက်ရမ်းကားနေတဲ့ စိတ်ဓာတ်ယုတ်ညံ့သူတွေသွားရာလမ်းဟာ ဘယ်တော့မှအဆုံးသတ်မလှဘူးဆိုတာ မကြာခင် မင်းတို့စစ်အုပ်စု သိစေရမည်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။