25 C
Yangon

တပ်မ ၄၄ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေတွင် တပ်မ ၄၄ ဗျူ ဟာ မှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း ကော်ဘရာ လက်ဖြောင့်စစ်သည်များ၏ လက်ချက်ဖြင့် တပ်မ (၄၄) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး သေဆုံးခဲ့ကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက် ရရှိကြောင်း၊ ယနေ့ တိုက်ပွဲ ဖြစ်စဉ်မှာ လူခို့ ညောင်ချောင်း နေရာသို့ ကျူးကျော်ရောက်ရှိနေသော အကြမ်း ဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်‌အောက်ခံ တပ်များကို KNLA ကော်ဘရာစစ်ကြောင်း နှင့် Federal Wings Drone အဖွဲ့ တို့က ယနေ့ (အောက် တိုဘာ ၁၉) ရက်နေ့ မနက်ပိုင်း (၉)နာရီခွဲခန့်တွင် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ညနေ ၂ နာရီ ခွဲခန့်အထိ တစ်နေ့တာလုံး နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ကျော်ဝါးဘိုး ဘုရားအနီးတွင် အခြေစိုက်ထားသော (၁၂၀) မမ လက်နက်ကြီးဖြင့် လည်းကောင်း၊ ဆုံဆည်းမြိုင် ကုန်းတွင် အခြေ စိုက် ထားသော (၁၂၀) မမ လက်နက်ကြီး ဖြင့် လည်းကောင်း၊ အတွဲလိုက်ပစ်ဒုံး လေးလုံးတွဲ (MLRS)ဖြင့် (၄) ကြိမ် အဆက်မပြတ် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ် တပ်မ ၄၄ လက်အောက်ခံ၊ အမှတ် ၄၄၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် NDC ဆင်း၊ DSA အပတ်စဉ် ၄၂ သည် ယနေ့ တိုက်ပွဲအတွင်း သေဆုံးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ၄ ဦး ပြင်ထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ယနေ့ ညနေ (၅) နာရီခန့်တွင် လေ့ကေ့ကော် မြို့သစ်အနီး စွယ်တော်အမြှောက်ကုန်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား စနိုက်ဘာ ဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article