19.6 C
Yangon

နတ်မောက်၊ ဖက်တောရေ ကျေးရွာကို တတိယည အဖြစ် စစ်တပ်က မီးရှို့၊ ဖမ်းဆီးထားသော ပြည်သူ ၁၂၀ ဝန်းကျင်ကို ပြန်မလွှတ်ဘဲ နှိပ်စက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေ ကျေးရွာကို တတိယမြောက်ည အဖြစ် စစ်တပ်က ထပ်မံမီးရှို့လျက်ရှိပြီး ဖမ်းဆီးထားသော ပြည်သူ ၁၂၀ ဝန်း ကျင်ကို ပြန်မလွှတ်ပေးဘဲ ညှဉ်းပန်းနှိပ်စက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းတွင်လည်းကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းတွင်လည်း ဖက်တောရေကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး ယနေ့ အောက်တိုဘာ ၁၉ ရက် ည ၉ နာရီကျော်တွင်လည်း တတိယမြောက် ညအဖြစ် ထပ်မံ မီးရှို့နေကြောင်း၊ နေအိမ် အနည်းဆုံး ၉ လုံး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူ ၁၂၀ ဝန်းကျင်ကို အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ဖမ်း ဆီးပြီး ညှဉ်းပန်းနှိပ်စက်လျက်ရှိရာ ယနေ့ အထိ ပြန်လည် မလွှတ်ပေးသေးကြောင်း သိရှိရသည်။

“လူက ၁၂၀ ၀န်းကျင်ဖမ်းထားခံရတာ။ တစ်ယောက်မှ မလွှတ်ပေးသေးဘူးဗျ။ ရိုက်နှက်နှိပ်စက်ပါတယ်။ အမျိုးသမီးတွေကိုလည်း ဒီနေ့ ထပ်ဖမ်းတာ ၅ ဦးဝန်း ကျင်ရှိပါတယ် “ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြား သည်။

စစ်တပ်က ဖက်တောရေကျေးရွာမှ အမျိုးသမီးများကို ရွာအပြင်ထွက်ခိုင်းထားပြီး အမျိုးသားများကို ဦးတည် နှိပ်စက်နေကြောင်း ၊အောက်တိုဘာလ ၁၆ ရက်နေ့ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖက်တောရေရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article