29 C
Yangon

ရွှေတောင်မြို့နယ် အကသ ကျောင်းသား ကိုဖုန်းပြည့်ပိုင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ၊ ထားဝယ်တွင် ပြည်သူ ၄ ဦးဖမ်းဆီးခံရပြီး ၁ ဦး ခေါင်းရိုက်ခွဲခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၀

ပဲခူးတိုင်း ရွှေတောင်မြို့နယ် အကသ ကျောင်းသား ကိုဖုန်းပြည့်ပိုင်‌ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

ကိုဖုန်းပြည့်ပိုင်ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်ခရိုင် တရားရုံးမှ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပုဒ်မ(၅၀) (က)၊ (၅၂) (က) တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

” ကိုဖုန်းပြည့်ပိုင်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ ပြည်ခရိုင် တရားရုံးက အခုသူ့ကို ပြည်အကျဥ်းထောင်ထဲ ပို့ထားပါတယ်။ ကိုဖုန်းပြည့်ပိုင်က အဖျားရောဂါ ခံစားနေရတယ်။ ကျန်းမာရေး သိပ်မကောင်းဘူး။ သူတို့ မိသားစုတွေကလည်း သိပ်အဆင်မပြေကျဘူးလို့ သိရတယ်” ဟု ကိုဖုန်းပြည့်ပိုင်၏ မိတ်ဆွေ တစ်ဦးကပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင်အမျိုးသား ၃ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ၁ ဦး ခေါင်းရိုက်ခွဲခံရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ ည ၇ နာရီခန့်တွင် ရေဖြူ (ဃ)ရပ်ကွက်ရှိ ကိုညီအောင်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးစဥ် နေအိမ်တွေ မရှိသောကြောင့် အမျိုးသမီး ဖြစ်သူ ကိုယ်ဝန်ဆောင်သည်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း၊ အမျိုးသမီးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီးနောက် ကိုညီအောင်ကို လာရောက် အဖမ်းခံရန် မိန်းမ ဖြစ်သူအား ဖုန်းဆက်ခိုင်းခဲ့သောကြောင့် အမျိုးသမီးဖြစ်သူ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ကိုညီအောင်က သွားရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ည ၇ နာရီခန့်တွင် ရေဖြူ နာရေး ကူညီမှုအသင်းမှ ကိုအောင်ဖြိုးကို စစ်တပ်က အကြောင်းမဲ့ ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရေဖြူတံတား စစ်ဆေးရေးဂိတ်တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို ဦးခေါင်းရိုက်ခွဲဖမ်းဆီးသွားကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် အမျိုးသမီး ၁ ဦးကို အကြမ်းစစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် ခန့်တွင် အသက် ၂၂ အရွယ် မသရဖူသည် ဆိုင်ကယ်ဖြင့် ထွက်လာစဥ် အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများက ၎င်း၏ ဖုန်းကို စစ်ဆေးပြီး ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article