ရန်ကုန်၊ အောက်တိုဘာ ၂၀
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် ဆရာတော်များက “ကျွန်စိတ်ကင်းကင်းနဲ့နေတယ်။ ရှေ့ထွက်မတ်ိုက်ပေမဲ့ နိုင်တဲ့နေရာကကူညီတယ်။ စစ်အာဏာရှင်ကို လုံးဝအသိအမှတ်မပြုတယ်ဆို ငါတို့ဟာ ဒီတော်လှန်ရေးနဲ့ ဒီနိုင်ငံအတွက်တာဝန်ကျေပါတယ်” ဟု စာသားများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။