29.8 C
Yangon

ကော့ကရိတ် မြို့သိမ်းတိုက်ပွဲတွင် အချုပ်ထောင်ကို ဖွင့်ပေးလိုက်ပြီး အချုပ်သားများ လွှတ်ပေးလိုက်ဟု တရားဝင် အသိပေး၊ မြို့ပတ်ပတ်လည်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကင်းလှည့်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး ကော့ကရိတ်ရဲစခန်း အချုပ်ထောင်ကို ဖွင့်ပေးလိုက်ပြီး အချုပ်သားများ လွှတ်ပေးလိုက် ကြောင်း Albino Tiger Battalion-1 ကျားဖြူတပ်ခွဲ-၁ သတင်းနှင့်ပြန် ကြားရေးက က တရားဝင် အသိပေး သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ကော့ကရိတ်မြို့နယ်တွင် ကော်သူးလေ Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Federal Wings၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြောင်း၊ လက် ရှိတွင် မြို့ပတ်ပတ်လည်ကို မဟာမိတ်ပူးပေါင်းတပ်များက ဝိုင်းထားပြီး လုံခြုံ​ရေး​လှည့်ကင်းဖြင့် ကင်း လှည့်​နေပြီ ဖြစ်ကြောင်း တရားဝင် ထုတ် ပြန် သည်။

လက်ရှိတွင် ကော့ကရိတ်အချုပ်ထောင်ကို ဖွင့်ပေးလိုက်ပြီး အားလုံး လွတ် မြောက် လာကာ ပူးပေါင်း တိုက်ပွဲဝင်နေကြောင်း၊ စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲနေကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ကော့ကရိတ်မြို့နယ် ရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article