24.6 C
Yangon

အကြမ်းဖက်စစ်ကောင်စီမှ ဗန်းမောက်မြို့နယ်ထဲက ဆေးရုံနှစ်ရုံကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်

Must read

အကြမ်းဖက်စစ်ကောင်စီမှ ဗန်းမောက်မြို့နယ်ထဲက ဆေးရုံနှစ်ရုံကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက် By ရန်ကုန်ခေတ်သစ် -ဗန်းမောက်မြို့နယ်ထဲက ဆေးရုံတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ – အောက်တိုဘာလ ၂၀ ရက်နေ့က ဗန်းမောက်မြို့နယ် မံယူးကြီးရွာမှာ ကိုယ်ထူကိုယ်ထ ဆေးရုံဖွင့်ပွဲလုပ်နေစဉ် စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကျဲခဲ့တာဖြစ်ပါတယ်။ – ကျေးရွာဆေးရုံကို တိုက်လေယာဉ် ၂ စင်းနဲ့ တစ်ခေါက်ကို ဗုံး ၁၂ လုံးနဲ့ ၅ ခေါက် ဗုံးအလုံး ၆၀ ကျဲသွားတာပါ။ -တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ အကြောင်းမဲ့သက်သက် ဗုံးကျဲတာလို့ ဒေသခံတွေကပြောပါတယ်။ -အဲဒီဗုံးကျဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။ – အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ် ကြောင်လည်ရွာရှိ ဆေးရုံ၊ ဝန်ထမ်းအိမ်ရာကို တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကျဲသွားခဲ့ပါသေးတယ်။ -အဲဒီတိုက်ခိုက်မှုမှာတော့ ပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ -ဒီလို အရပ်သားပြည်သူတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာဟာ ဂျနီဗာကွန်ဗန်းရှင်းအရ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article