ရန်ကုန်၊ အောက်တိုဘာ ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ တပ်ထဲမှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ယနေ့ ညနေ ၅ နာရီမှစတင်ပြီး ပြည်သူများနေထိုင်ရာ ရပ်ကွက်များဘက်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဗျဟာမှူး ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော မဟာမိတ်ဒရုန်းတပ်ဖွဲ့များက ယ နေ့ ညနေပိုင်း ဒရုန်းများဖြင့်ကော့ကရိတ် မြို့ပေါ်ရှိ ခလရ ၉၇ နှင့် ကော့ကရိခရိုင်ရဲစခန်းကို ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီးနောက် ခလရ ၉၇ က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ် ကြောင်း သိရှိရသည်။
“ညနေ ၅ နာရီလောက်ကစပြီး ကော့ကရိတ် ခလရ ၉၇ ထဲကနေ လက်နက် ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာ။ လက်နက်ကြီးတွေနဲ့ပြည်သူတွေနေတဲ့ ရပ်ကွက်ဘက်တွေကို ပစ်နေတာ။ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော။ အခု ည ၈ နာရီလောက် နည်းနည်းငြိမ်သွားတယ်။ ဒရုန်းနဲ့ကင်းထောက်လေယာဉ်တွေ တက်နေတာလည်း တွေ့တယ်” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နေ့ သန်းခေါင်ယံအချိန် ည ၁၁ နာရီ ၂၀ မိနစ်အချိန် ကရင်ပြည်နယ်၊ လေးကေ့ကော်သို့ မှော်ဘီ လေတပ်စခန်းမှ ပျံတက်ခဲ့သော တိုက်လေယာဉ် ၂ စီးက ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ရာ ယင်း တိုက် ခိုက်ခဲ့သည့် ဗုံးခွံများ၏ ဓာတ်ပုံများကို ကော်ဘရာ စစ်ကြောင်းက အများပြည်သူ သိရှိလေ့လာနိုင်ရန် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ညပိုင်း ကရင်ပြည်နယ်၊ လေးကေ့ကော်သို့ ကျဲချခဲ့သော စစ်ကောင်စီတပ်လေယာဉ်မှ ဗုံးခွံဓာတ်ပုံများ။