ရန်ကုန်၊ အောက်တိုဘာ၂၄
ရန်ကုန်တွင် ကျောင်းသားလူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၀င် ကျောင်းသား သမဂ္ဂများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) တို့က “ဖိနှိပ်ခံတို့ ညီညွတ်ကြ၊စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ” စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။