32 C
Yangon

ဖားကန့်တွင် စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးသူ ပြည်သူများအားလုံးကို ယနေ့ ညနေတွင် သဂြိုလ်လိုက်ပြီး အဆို တော် Aurali ၊ ကီးဘုတ်သမား ကိုကင်း သေဆုံးမှု အတည်ပြု၊ မင်းသားကြီးဇော်ဒိန်နှင့် ဂီတသမား ၇ ဦး ဆေးကုသမှု ခံယူနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်တပ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးသူ ပြည်သူများအားလုံးကို ယနေ့ သဂြိုလ်လိုက်ပြီး သဂြိုလ်လိုက်သူများတွင် အဆိုတော် Aurali ၊ ကီးဘုတ်သမားကိုကင်း တို့ပါဝင်ကြောင်း အတည်ပြုနိုင်ပြီဖြစ်သည်။

အဆိုတော် Aurali ၊ ကီးဘုတ်သမား ကို ကင်း ၊ အခြား အရပ်သားပြည်သူများစွာ၏ ရုပ်အလောင်းများကို ယနေ့သဂြိုလိုက်ခြင်းဖြစ်သည်။

ကချင်တိုင်းရင်းသား အနုပညာရှင် သရုပ်ဆောင် မင်းသားကြီးဇော်ဒိန်သည် ဆေးကုခံယူသူများတွင်ပါဝင်ပြီး တီး၀ိုင်းသမား ၇ ဦးလည်း ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

စစ်တပ်က ဖားကန့် လမ်းများကို ပိတ်ဆို့ထားသဖြင့် ဆေးရုံသို့ ပို့ခွင့်မရဘဲ သွေး လွန်သေဆုံးသူများ၊ ဒဏ်ရာပြင်းထန်၍ သေဆုံးသူများ ယနေ့ ညနေအထိ ရှိနေကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော သတင်းအချက်အလက်များအရ သေဆုံးသူများသည် ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article