27 C
Yangon

စစ်ကိုင်းမြို့နယ်မှ ရွာ ၃ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်စီးနင်းမှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ဆက်တိုက် စီးနင်းခဲ့ပြီး ထွက်ပြေးသည့် ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ၁ ဦး သေဆုံးကာ ၁၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ပိုင်းတွင် အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့နယ် အတွင်းရှိ ညောင် ပင်သာရွာ၊ ကင်းရွာ၊ ပေါက္ကားရွာများကို ဆက်တိုက် စီးနင်းခဲ့ပြီး မူးမြစ်ကမ်းပေါ် ထွက်ပြေးသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပေါက္ကားရွာသား ကိုသိန်းဦး ပွဲ ချင်းပြီးသေဆုံးကာ ၎င်း၏ အမျိုးသမီးဖြစ်သူအပါအဝင် ပြည်သူ ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး ကားကြီး ၃ စီးနဲ့ ၀င်ရောက်လာပြီး ‌လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ၀င်ရောက် ပစ်ခတ်တာ မူးမြစ် ကမ်းထွက်ပြေးတဲ့ ရွာသူ ရွာသား တွေအများကြီးကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ပေါက္ကားရွာသား ကိုသိန်းဦး ပွဲချင်းပြီးသေဆုံးတယ်။ သူ့မိန်းမ ဖြစ်သူက ခါးကို ထိသွားတယ် ဒဏ်ရာ ပြင်းထန်တယ်။ ကင်းရွာမှ အသက် ၆၀ ‌အရွယ် အမျိုးသားတစ်ဦး လက်ပြင်ကို သေနတ်မှန်တယ်။ ပေါက္ကားရွာသူ အမျိူးသမီး ၇ဦး အမျိုးသား ၂ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြို့နယ် ကျမန်းမာရေး တာဝန်ခံ၊ SDMTဆေး အဖွဲ့၊ နယ်မြေခံ ပကဖနှင့် ခရိုင်တပ်ရင်း၂ မှ ပူးပေါင်းကာ လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် ကျန်းမာရေး စောင့်ရှောက်ကုပေးမှုများ ပြုလုပ်ခဲ့ပြီး ဆေးဝါး လိုအပ်ချက်များလည်း ရှိကြောင်း သိရသည်။

လက်ရှိအချိန် စစ်ကိုင်း မြို့နယ် မူးမြစ်ဘေးတစ်လျှောက်ရှိ ညောင်ပင်သာရွာ၊ ကင်းရွာ၊ ပေါက္ကားရွာ၊ စံသစ်ရွာ၊ တောင်မြို့ရွာ၊ မူးသာရွာ၊ မန်ကျည်းကုန်းရွာ၊ တလိုင်းကျွန်းရွာ၊ ညောင်ပင်ရှည်ရွာ၊ အင်းစရွာ၊ တောင်ကြားရွာ၊ ဒီပဲယင်းကွဲရွာမှ ပြည်သူများက တော၊ တောင်ထဲတွင် စစ်ဘေးရှောင်နေရပြီး ရာသီတုပ်ကွေးရောဂါ ခံစားနေရသဖြင့် ဆေးဝါးကုသမှု များလိုအပ်နေကြောင်းသိရသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ကြွယ်ပုံရွာတွင် တပ်စွဲထားသော ပျူစောထီးများနှင့် စစ်သားများက လှည့်လည် မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article