24 C
Yangon

အာရှလမ်းမကြီးတွင် ဆက်ကြေးကောက်နေသည့် စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရမိ၊ ထားဝယ်တွင် စစ်ကား မိုင်းဆွဲခံရပြီး စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကရင်ပြည်နယ်၊ အာရှလမ်းမကြီးတွင် ဆက်ကြေးကောက်နေသည့် စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရမိကြောင်း ကျားသစ်နက်စစ်ကြောင်းက ပြောသည်။

ကွမ်းခြံကုန်းကွေ့ အာရှလမ်းမတစ်နေရာတွင် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၄) မှ စစ်သား တချို့သည် ဆက်ကြေး‌ကောက်ခံလျက်သဖြင့် အောက် တိုဘာ ၂၆ ရက်နေ့ KNLA နှင့် ကျားသစ်နက် ပူးပေါင်း စစ်ကြောင်းတို့က သွားရောက်တိုက်ခိုက်ကြောင်း၊ စစ်သား ၈ ဦး နှစ်နေရာခွဲ၍ ဆက်ကြေးကောက်ခံနေကြသဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ၊ လက်နက်များအနေဖြင့် MA 2 ၃ လက်၊MA 3 1 လက်၊ ကျည်အိမ် (၁၂)ခု နှင့် M 79 ကျည် (၄)လုံးတို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှီရသည်။

အလားတူ အောက်တိုဘာလ ၂၈ ရက်နေ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထား ဝယ်-မြိတ်ကားလမ်းမပေါ်စစ်ကောင်စီယာဥ်တန်းကို ၂ ကြိမ် တိုက်ခိုက်ခံရာ စစ်ကား(၂)စီး ပျက်စီးခြင်း၊ စစ်သား(၂)ဦးသေဆုံးသွားကြောင်း ကစယ်ဒို ဖယ်ဒရယ်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ(၂၈)ရက်၊နံနက်၆ နာရီခွဲခန့်က ထားဝယ်မှ မြိတ်ဖက်သို့ဆင်းသည့် စစ်ယာဥ်တန်း၁၂ စီးကို ပိ တောက်ကြီး နှင့် ပိတောက်ငယ်ရွာကြားကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းမှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု၌ စစ်ကား (၂)စီးထိမှန်၍လမ်းဘေးထိုးကျ သွားပြီး စစ်သား(၂)ဦးသေဆုံးကြောင်း၊ အများအပြားဒဏ်ရာရရှိခဲ့၍ PDFရဲဘော်များထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကားလမ်းမပေါ်ရှိဘုတ်တောင်တွင်လမ်းကင်းယူပေး နေသည့်စကစတပ်သားများကို ယင်းနေ့ ညနေ(၃)နာရီ၊(၄၀)မိနစ်တွင် ထပ်မံသွားရောက်တိုက်ခိုက်ရာမိနစ်(၂၀)ခန့်နှစ်ဖက်ပြန်လှန်ပစ်ခတ်မှုဖြစ်ပွား၍ ဖ က်ဆစ်တပ်သားတို့ထိခိုက်သေဆုံးမှုများစွာရှိခဲ့သော်လည်း အရေအတွက် မသိရှိရသေးကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှု၂ ကြိမ်သည် ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊အနန့်ပါကျေးရွာမှာ အောက်တိုဘာ(၂၃)ရက်၊ညတွင်KIO ( ၆၂)နှစ်ပြည့် အကြို ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် ဖက်ဆစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများလုပ်
ဆောင်ခဲ့၍ အနုပညာရှင်များ နှင့် အပြစ်မဲ့ပြည်သူများစွာအသက်ပေးဆပ်ရမှုများအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကျားသစ်နက်စစ်ကြောင်းက သိမ်းဆည်းရမိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article