Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကရင်ပြည်နယ်က အာရှလမ်းမကြီးမှာ အောက်တို့ဘာလ ၂၆ ရက်နေ့က ပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား တစ်ချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေ သွားတဲ့အပြင် ၊ လက်နက် ၄ လက်ပါ သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ပြောပါတယ်။ – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တပ်ရင်း ၃ ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးဟာ CDM ပြုလုပ်လာပြီး ၊ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ – ချင်းပြည်နယ်၊ မင်းတပ်မြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်း ၈၈ ဦးကို ဒီကနေ့ အောက်တို့ဘာလ ၂၉ ရက်နေ့မှာ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ကနေ အမည် ပျက်စာရင်း ကြေညာခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။