31 C
Yangon

လှိုင်၊ မရမ်းကုန်းနှင့် လှိုင်သာယာ မြို့နယ်တို့တွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ထွက်ပေါ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တွင် ပေါက်ကွဲသံနှင့် သေနတ် ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ည ၉ နာရီ ၄၄ မိနစ်ခန့်တွင် လှိုင်မြို့နယ်၌ ပေါက်ကွဲသံ တစ်ချက်ထွက်ပေါ်ခဲ့ပြီးနောက် သေနတ် ပစ်ခတ်သံ ၆ ချက်ခန့်ကြားရကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် သမိုင်းနှင့် ဘုရင့်နောင်တံတားအနီးတွင်လည်းကောင်း ၊ လှိုင်သာယာမြို့နယ် ဘက်တွင်လည်းကောင်း ဗုံးပေါက်သံနှင့် သေနတ် ပစ်ခတ်ခံများ ကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

” ည ၁၀ ခွဲလောက်က သမိုင်း ဘုရင့်နောင်တံတားနားမှာ သေနတ်ပစ်သံတွေကြားရတယ်။ လှိုင်သာယာဘက်မှာလည်း ဗုံးပေါက်သံလိုလို၊ သေနတ်ပစ်သံလိုလို ကြားရလို့ မိတ်ဆွေတွေ ဖုန်းဆက်မေးကြတယ်။ အသံဗုံးပေါက်တယ်လည်း မိတ်ဆွေတချို့က ပြောတယ်။ ကိုယ့်ဘက်နားတွေ ဗုံးပေါက်တာတို့ ပစ်ခတ်သံတို့ ကြားရင် ညပိုင်း ခွေးတွေက ဧည့်စာရင်းစစ်တာ၊ လူတွေကို အပြစ် မရှိ အပြစ်ရှာ ရိုက်နှက်တတ်လို့ ကိုယ့်အနားမှာ ဗုံးသံလား၊ သေနတ်သံလား ဆိုတာကို အမြဲနားစွင့်ပြီး နိုးနိုးကြားကြားနေရတယ်”ဟု မရမ်းကုန်းမြို့ နယ် ၁ ရပ်ကွက်၊ ဘုရင့်နောင်တံတားအနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြော ဆို သည်။

ဓာတ်ပုံ- ညပိုင်း လှည့်လည်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article