27 C
Yangon

တောင်ကိုရီးယား Halloween ပါတီ ပျော်ပွှဲရွှင်ပွဲ လူအုပ်ပိပြီး လူပေါင်း ၁၄၆ ဦး ကျော်သေဆုံး၊ လူ ၁၅၀ ကျော် ဒဏ်ရာရကာ သေဆုံးမှု ဆက်လက်မြင့်တက်ဖွယ်ရှိဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းကျင်းပခဲ့ သော Halloween ပါတီ ပျော်ပွှဲရွှင်ပွဲတွင် လူအုပ်ပိပြီး လူ ၁၄၆ ဦး ကျော် သေဆုံးသွားကြောင်း တောင်ကိုရီးယားအာဏာပိုင်များက တရားဝင် ထုတ်ပြန်ကြေညာသည်။

ဒဏ်ရာရရှိသူ ၁၅၀ ကျော်ရှိပြီး သေဆုံးမှု အရေအတွက်မှာ ဆက်လက် တိုးလာနိုင်ကြောင်း တောင်ကိုရီးယား အရာရှိများ၏ အဆိုအရ သိရှိရသည်။

ဆိုးလ်မြို့၏ ပြည်ပခရီးသွားများ လာရောက်လည်ပတ်သည့် Itaewon တွင် Halloween ပါတီ ပျော်ပွှဲရွှင်ပွဲ လာရောက်သူ အလွန်များပြားပြီး လမ်းကျဉ်းတွင် လူများစုပြုံတိုးကာ လူအုပ်ပိ၍ ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိတွင် တောင်ကိုရီးယားအစိုးရက နိုင်ငံတစ်ဝန်းမှ ကူညီကယ်ဆယ်ရေးသမား ၄၀၀ ကျော်ဖြင့် အရေးပေါ် ကုသပေးမှုများ လုပ်ဆောင်နေပြီး သေဆုံးသည့်အရေအတွက်မှာလည်း ထပ်မံတိုးလာဖွယ်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article