27 C
Yangon

ငါ့သရောက်မြို့ ရဲစခန်း တိုက်ခိုက်ခံရပြီး စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦးသေဆုံးကာ လက်နက် ၇ လက်ပါသွား၊ ရင်ခွဲရုံသို့ ရဲ ၁၁ ဦး အပါအဝင် အ လောင်း ၁၂ ခု ရောက်ရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် လက်နက်ကိုင်တပ်ဖွဲ့များက ၀ိုင်းဝန်း တိုက်ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံးပြီး လက်နက် ၇ လက် ပါသွားကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် PDF မဟာမိတ်တပ်ဖွဲ့များက ငါ့သရောက်မြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ည နေ ၅ နာရီဝန်းကျင်အထိ ရဲစခန်းကို လက်နက်ကိုင်များက ဝင်ရောက်စီးနင်းသွားခဲ့ပြီး ရဲစခန်းအတွင်းမှ ပစ်ခတ်မှုကြောင့် လမ်းပေါ်တွင် လူ ၁ ဦး သေဆုံးမှုရှိကြောင်း သိရှိရသည်။

“မနေ့ ညနေ ၄ နာရီလောက်မှာ ငါ့သရောက်ရဲစခန်းကို PDFတွေ မိနစ် ၂၀ ခန့် အလစ်ဝင်ပစ်ကြတယ်။ ရဲခွေးတွေ အများကြီး ပြန်မပစ်နိုင်ဘူး။ စခန်းထဲက ရဲတွေ ထွက်မလာတော့ဘူး။ ညနေ ၅ နာရီ ကျော်လောက်မှာ စစ်ခွေးတွေအများကြီးပဲ။ သန်မြန်သူ နာရေး ကူညီရေးကားတွေ စခန်းထဲ အခေါက်အခါခါဝင်နေခဲ့တယ်။ ရဲ ၁၁ ဦးသေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းမှုများအရ ရင်ခွဲရုံ သို့ အလောင်း ၁၂ လောင်း ရောက်ရှိလာကြောင်း သိရှိရသည်။

ရဲစခန်းတိုက်ခိုက်မှုအပြီး စစ်တပ်က စစ်ကားများစွာဖြင့် ရောက်ရှိလာသဖြင့် ဒေသ ခံတချို့မှာ ကြောက် လန့်သဖြင့် ထွက်ပြေးကြပြီး အများစုမှာ စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရကြောင်း ဒေသခံများက ဆိုကြသည်။

“အမျိုးရှိတဲ့လူတွေလည်း ပြေးကြတယ်။ မပြေးနိုင်တဲ့လူကလည်း ဘယ်အချိန် ငါတို့ကို စစ်တပ်က ဒုက္ခပေးမလဲဆိုပြီး စိုးရိမ်နေရတယ်။ အခြေအနေ ဆိုးတယ်” ဟု ငါ့သရောက်မြို့ ဒေသခံက ဆိုသည်။

အကြမ်းဖက် စစ်တပ်က ငါ့သရောက်မြို့ တစ်ခုလုံးကို ပိတ်ဆို့ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article