26 C
Yangon

နိုင်ငံတစ်ဝန်း တန်ဆောင်တိုင် မီးထွန်းပွဲ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုးနှင့်စျေးပွဲတော်များ မဖြစ်မနေ ကျင်း ပရန် စစ်ကောင်စီက ခိုင်းစေ ၊ ဗုံးကွဲခြင်းနှင့် ပစ်ခတ်ခံရလျှင် PDF လက်ချက်ဟု ကြေညာရမည်ဟု တပါတည်း အမိန့်ပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

မြန်မာနိုင်ငံတစ်ဝန်း တန်ဆောင်တိုင် မီးပုံးပျံပွဲ၊ မီးထွန်းပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုး၊ စျေးပွဲတော်များ မဖြစ်မနေ ကျင်းပရန် တိုင်းနှင့်ပြည်နယ်စစ်ကောင်စီများကို နေပြည်တော်က ညွှန်ကြား ခိုင်းစေထားပြီး ပွဲတော်များတွင် ဗုံးကွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလာလျှင် PDF များ၏ လက်ချက်ဟု ကြေညာရန် ပြင်ဆင်ခိုင်းထားကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရပ်ကွက်ထံမှ သိရှိရသည်။

နေပြည်တော်မှ စစ်ကောင်စီ၏ ခိုင်းစေချက်အရ ရန်ကုန်တိုင်းစစ်ကောင်စီဥက္ကဌက စမ်းချောင်းပုဒုမ္မာကွင်းတွင် တွင် တန်ဆောင်တိုင် စျေးပွဲတော်ကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါစျေးပွဲတော်ကို ရန်ကုန်တိုင်း သမဝါယမဦးစီးဌာနမှူးရုံးမှတိုင်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ဦးဆောင်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များအားလုံးက တစ်မြို့နယ်လျှင် အနည်းဆုံးဆိုင်ခန်း(၁)ခန်းလာရောက်ဖွင့်လှစ် ရောင်းချရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

စျေးပွဲတော်ကို ဆိုင်ခန်းခ ပေးရန်မလိုဘဲ စားပွဲနှင့်ထိုင်ခုံများပါ အခမဲ့ပေးမည်ဖြစ်ကြောင်း ၊ ဝန်ကြီးဌာနဝန်ထမ်းများ အားလုံး မဖြစ်မနေ လာရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ဌာနဆိုင်ရာများကလည်း စျေးပွဲတော် စည်ကားရေး လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ၊စျေးပွဲတော်သို့ပြည်သူများစည်စည်ကားကားလာရောက် စျေးဝယ်သည့်အသွင်ဖြစ်စေရန်လည်း လုပ်ဆောင်ခိုင်းထားကြောင်း သိရှိရသည်။

“တစ်နိုင်လုံး လုပ်ဖို့ ညွှန်ကြားတာပါ။ ပြည်နယ်/တိုင်းအားလုံး တန်ဆောင်ပွဲတော် မဖြစ်မနေ လုပ်ခိုင်းတာ။ PDF ကြောက်လို့ မလုပ်ရဘူးဆိုတာ မရှိဘူး။ လုပ်ရမယ်။ ဗုံးကွဲရင် ပစ်ခတ်မှုဖြစ်ရင် PDF လက်ချက်လို့ ကြေညာရမယ်ဆိုတာ ညွှန်ကြားတယ်။ လုံလောက်တဲ့ လုံခြုံရေးလည်းပေးမယ်။ ဘာမှ ပူစရာမရှိဘူး ။ ပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကို လုပ်ရမယ်လို့ ဖုန်းနဲ့ နှုတ်မိန့် ညွှန်ကြားပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်အရ မန္တလေးတိုင်း စစ်ကောင်စီက ပြင်ဦးလွင် မီးပုံပျံပွဲတော်ကို နိုဝင် ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိလည်းကောင်း ၊ လားရှိုးမြို့တွင် အဆိုတော်တချို့နှင့် စစ်တပ်ထောက်ခံသူ ရွှေရူပါဦး ပါဝင်သော စတိတ်ရှိုးပွဲကို နိုဝင်ဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင်လည်း ကောင်း ကျင်းပမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းအားလုံးမြို့တော်များတွင် ပျော်ပွဲရွှင်ပွဲများ တစ် ပြိုင်နက်တည်း ကျင်းပရန် စီစဉ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန် ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်လပြည့်နေ့ စျေးရောင်းပွဲတော်။ လားရှိုးတန် ဆောင်တိုင် စတိတ်ရှိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article