27 C
Yangon

သူရဦးအောင်ကို အပေါ် မင်းအောင်လှိုင်၏အငြိုး (သို့မဟုတ်) စစ်တပ်သိမ်းယူထားသော သာသနာပိုင် ကမ္ဘာအေး ကုန်းမြေကို NLD အစိုးရက ပြန်လည်တောင်းယူမှု တိုက်ပွဲ

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် မင်းအောင်လှိုင်က လူထုအစိုးရ လက်ထဲကနေ အာဏာသိမ်းယူလိုက်တဲ့အချိန်မှာ စီနီယာလည်းဖြစ်၊ ဆရာလည်းဖြစ်ခဲ့သူ သာသနာရေး ဝန် ကြီး သူရဦးအောင်ကို ကြီးလေးတဲ့ပုဒ်မ ဥပဒေတွေနဲ့ အရေးယူထောင် ချမှုတွေ လုပ်ဆောင်ပါတယ်။

ဒီလို ထောင်ချခဲ့တာဟာ မင်းအောင်လှိုင်အနေနဲ့ သူရဲ့ စီနီယာဖြစ်တဲ့ သူရဦးအောင်ကို အပေါ်မှာ ကြီးမားတဲ့ အငြိုး အကြွေးကို ပြန်ဆပ်တာလည်းဖြစ်ပါတယ်။ မင်းအောင်လှိုင်က သူရဦးအောင်ကို အပေါ် ဘယ်လို အငြိုးထားခဲ့ပါသလဲ ဆိုတာ ကြည့်ရအောင်ပါ။

သူရဦးအောင်ကိုက မင်းအောင်လှိုင်ရဲ့ စီနီယာနဲ့ ဆရာဖြစ်ခဲ့

ဗိုလ်သင်တန်းအပတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးအောင်ကိုက ဗိုလ်သင်တန်းအပတ်စဉ် ၁၉ ကျောင်းဆင်း မင်းအောင်လှိုင်ရဲ့ စီနီယာဖြစ်ပါတယ်။ အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှာ သူတို့ ၂ ဦး အတူ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ စီနီယာလည်းဖြစ်သလို မင်းအောင်လှိုင်ကိုယ်တိုင်က သူရဦးအောင်ကို ကို ဆရာအဖြစ် သတ် မှတ်ခဲ့တာပါ။

မင်းအောင်လှိုင်က အနောက်မြာက်တိုင်းစစ်ဌာနချုပ်(နမခ)လက်အောက်မှာရှိတဲ့ ဟုမ္မလင်းအခြေစိုက် စစ်တပ် တပ်ရင်းမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီးရာထူးနဲ့ တာဝန်ကျချိန်မှာ သူရဦးအောင်ကိုက ဗိုလ် မှူးချုပ် ရာထူးနဲ့ နမခစစ်ဌာန ချုပ်ရဲ့ ဒကစမှူး အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ မင်းအောင် လှိုင်က သူရဦးအောင်ကို ဦးဆောင်တဲ့ ဒကစ(ကလေး) ကွပ်ကဲမှု အောက်မှာ နေရတာပါ။

မင်းအောင်လှိုင်က စီနီယာဖြစ်တဲ့ ဗိုလ်မှူးချုပ် သူရဦးအောင်ကိုကို ဆရာအဖြစ် တင်ခဲ့ပါတယ်။ အခုအချိန် အထိ စစ်ကောင်စီအစည်းအဝေး တွေမှာ သူရဦးအောင်ကိုနဲ့ သူ အတူတာဝန်ထမ်းဆောင်ခဲ့ပြီး သူက ဆရာဖြစ်သူ သူရဦးအောင်ကို စကားတွေ မှတ်သားနာယူခဲ့ရတယ်လို့ မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုပါတယ်။

သူရဦးအောင်ကိုအပေါ် မင်းအောင်လှိုင်အငြိုးထားခြင်း

သူရဦးအောင်ကိုအပေါ် မင်းအောင်လှိုင် အငြိုးထားရတဲ့ ကိစ္စတွေကတော့ ပြည်သူအများ သိရှိပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးအောင်ကို ဆက်ဆံရေးကောင်းမွန်တာ၊ သူရဦးအောင်ကို သာသနာရေးဝန်ကြီးဖြစ်လာချိန် မဘသ အဖွဲ့အစည်းကို ဖျက်သိမ်းကြောင်း ကြေညာတာတွေဖြစ်ပါတယ်။ ဒါတွေကတော့ ထင်သာမြင်သာရှိလို့ အားလုံးက သိရှိခဲ့ကြတာပါ။

မင်းအောင်လှိုင်က သူရဦးအောင်ကိုအပေါ် အကြီးအကျယ်စိတ်ဆိုးအငြိုးထားတဲ့ လူမသိ သူမသိ ကိစ္စတစ်ခုရှိနေပါသေးတယ်။

စစ်တပ်က သာသနာပိုင်ကမ္ဘာအေးကုန်းမြေထဲက မြေတွေကို တပ်ပိုင်မြေတွေအဖြစ် သိမ်းယူထားခဲ့တာရှိပါတယ်။ အဲဒီမြေတွေကို NLD အစိုးရ၊ သာသနာရေးဝန်ကြီး ဦးအောင်ကိုက မင်းအောင်လှိုင်ဆီက ပြန်တောင်းယူခဲ့ပါတယ်။ ဒါကို မင်းအောင်လှိုင်က အကြီးအကျယ် စိတ်ဆိုး‌ခဲ့ပြီး မြေတွေကို ပြန်မပေးခဲ့ပါဘူး။

သာသနာပိုင် ကမ္ဘာအေးကုန်းမြေကို စစ်တပ်က သိမ်းယူခြင်း

စစ်ခေါင်းဆောင် သန်းရွှေလက်ထက် ၂၀၀၁ ခုနှစ် ကာကွယ်ရေးဝန်ကြီးဌာနကို မရမ်းကုန်းမြို့နယ် ၊ ကုန်းမြင့်သာ ရိပ်သာကို ပြောင်းရွှေ့တဲ့အချိန်မှာ လုံခြုံရေးအရ ကမ္ဘာအေး သာသနာမြေ မြေဧက ၇ ဒသမ ၃၀၉ ကို စစ်တပ်က သိမ်းယူခဲ့ပါတယ်။

စစ်တပ်က သိမ်းယူလိုက်တဲ့ သာသနာပိုင် ကမ္ဘာအေးကုန်းမြေဧက ၇ ဒသမ ၃၀၉ အတွင်းမှာ ဆဋ္ဌသံဂါယနာတင် အဆောက်အဦး၊ ပိဋကတ်တိုက်၊ ညောင်ရမ်းဆရာတော်ကြီး ဩဝါဒဖြင့် တည်ထားသော ညောင်ရမ်းစေတီ၊ ကပ်ကျော်စေတီတွေပါ ပါသွားခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၆ ခုနှစ် နေပြည်တော်ကို ကာကွယ်ရေးဝန်ကြီးဌာနပြောင်းရွှေ့သွားတဲ့အချိန်မှာလည်း စစ်တပ်က လုံခြုံရေးအရ သိမ်းယူထားတဲ့ သာသနာပိုင်မြေတွေကို ပြန်မပေးပါဘူး။ စစ်တပ်က သာသနာပိုင်မြေတွေကို ပြန်မပေးတော့ဘဲ ဂေါက်ကွင်း ရေတွန်းပို့တဲ့ ရေတွန်းစက်၊ ရေတွန်းစက်ဝန်ထမ်း အိမ်ရာတွေ ဆောက်လုပ်ပြီး မြေတွေကို အငှားပြန် ချတာတွေလုပ်ဆောင်ပါတယ်။

စစ်တပ်က သာသနာ့မြေတွေကို ဒီလို ပြန်မပေးဘဲ အလွဲသုံးစားလုပ်နေလို့ ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်မှာ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြန်တောင်းပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကိုယ်တိုင်က ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ မင်းအောင် လှိုင်ဆီစာရေးပြီး စစ်တပ်က သိမ်းဆည်းထားတဲ့ ကမ္ဘာအေးကုန်းမြေမှ သာသ နာပိုင် မြေဧက ၇ ဒသမ ၃၀၉ ကို ပြန်ပေးဖို့ စာရေးသားပေးပို့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က သာသနာရေးအတွက် လှူဒါန်းထားတဲ့ မြေတွေကို သိမ်းယူတာဟာ အသုံးပြုသူတွေကို ပစ္စုပ္ပန် သံသ ရာ နှစ်ဖြာအကျိုးပျက်စီးစေနိုင်တယ်လို့ မင်းအောင်လှိုင်ကို စာထဲမှာ သတိပေးခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင် မင်းအောင် လှိုင်ဆီ စာရေးပေမယ့် ကမ္ဘာအေးကုန်းမြေဧက ၇ ဒသမ ၃၀၉ ကို လုံး၀ ပြန်မပေးဘဲ ခြံစည်းရိုး ပတ်ဝန်းကျင်မှာသာ ပါဝင်တဲ့ မြေဧက ၂ ဒသမ ၆၁၈ ဧကကိုပဲ မင်းအောင်လှိုင်က ပြန်ပေးခဲ့ပါတယ်။

မင်းအောင်လှိုင်အကြီးအကျယ်စိတ်ဆိုးခြင်း

နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်က မင်းအောင်လှိုင်ထံ ရေးတဲ့စာထဲမှာ မြေသိမ်းအသုံးပြုရင် အသုံးပြုတဲ့သူတွေ ပစ္စုပ္ပန်သံသရာနှစ်ဖြာ အ ကျိုး ပျက်စီးစေနိုင်တယ်လို့ ရေးသားပေးပို့ ခဲ့ပါတယ်။

နိုင်ငံတော်သံဃာမဟာနာယက ဥက္ကဋ္ဌ ဆရာတော်က သူ့ဆီကို ဒီလို စာရေးရတာဟာ သူရဦးအောင်ကို ရေးခိုင်းတာနဲ့ မြှောက်ပေးတာကြောင့်လို့ဆိုပြီး မင်းအောင်လှိုင်က အကြီးအကျယ်စိတ်ဆိုး‌ ဒေါသထွက်ခဲ့ပါတယ်။ ဆရာဖြစ်ခဲ့ပေမယ့် မင်းအောင်လှိုင်က သူရဦးအောင်ကို အပေါ် အကြီးအကျယ် အငြိုး ထားခဲ့ပါတယ်။

မြေသိမ်းခဲ့ပေမယ့် အသုံးပြုတဲ့သူအနေနဲ့ ပစ္စုပ္ပန်သံသရာနှစ်ဖြာအကျိုး ပျက်စီးစေနိုင်တယ်လို့ ဆိုခဲ့တဲ့ စကားအတွက် မင်းအောင်လှိုင်က အာဏာသိမ်းပြီးတဲ့နောက်မှာ သူရဦးအောင်ကိုကို အလုပ်နဲ့ထောင် ဒဏ် နှစ်ရှည်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ သူရဦးအောင်ကိုအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အမှု ၄ ခု အမှုဆင်ဖမ်းဆီးပြီး အလုပ်နဲ့ထောင်ဒဏ်ထောင်ဒဏ် ၁၂ ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

သူရဦးအောင်ကိုဟာ အခုလက်ရှိ ထောင်ထဲမှာ ကျန်းမာရေး အရမ်းကိုချို့ယွင်းနေပေမယ့်လည်း မင်းအောင်လှိုင်ဟာ အငြိုးမပြေသေးပါဘူး။

မင်းအောင်လှိုင်ဟာ သူ့အကျိုးအတွက်ဆိုရင် ကမ္ဘာအေးကုန်းမြေလို သာသနာ ပိုင်မြေကိုတောင် သိမ်းယူဖို့နဲ့ ပြန်မပေးဖို့ လုပ်ရဲသူဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ ပါးစပ်က ဘုရား၊ ဘုရား လုပ်နေပေမယ့် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော် ကိုယ်တိုင် ဖျောင်းဖြ မေတ္တာရပ်ခံနေတာကို နားမဝင်ဘဲ ဘုရားပိုင်မြေတွေ မျက်နှာပြောင်ပြောင် သိမ်းယူထားခဲ့ပါတယ်။

မင်းအောင်လှိုင်က ဘာသာရေးနဲ့ ဗုဒ္ဓဘာသာကို သူ့အကျိုးစီးပွားအတွက် စည်း ရုံးအသုံးချဖို့လောက်ပဲ စိတ်ဝင်စားပြီး တကယ်တမ်း ဗုဒ္ဓဘာသာနာပိုင် နိုင်ငံ တော် သံဃာမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးရဲ့ မေတ္တာရပ်ခံကိုတောင် ပယ်ချဝံ့သူဖြစ်ပါတယ်။

သာသနာပိုင် ကမ္ဘာအေးကုန်းမြေကို မင်းအောင်လှိုင်က ပြန်မပေးဘဲ သိမ်းယူခဲ့တဲ့ လုပ်ရပ်က မင်းအောင်လှိုင်ဟာ လူသတ်ကောင်၊ စစ်ရာဇ ဝတ်ကောင် အယောင် ဆောင် ဗုဒ္ဓဘာသာဝင်၊ “ဘုရား၊ တရား၊ သံဃာ”ကို နားမလည်တဲ့လူမိုက် တစ်ဦးသာဖြစ်တယ် ဆိုတာကို သက်သေပြနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article