29.8 C
Yangon

ဆောမြို့နယ်၊ လက်ပန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသမီး ၄ ဦးကို ဖမ်းဆီးသွားကာ အသက်အန္တရာယ် စိုးရိမ်ရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

မကွေးတိုင်း ဆောမြို့နယ်၊ လက်ပန်းရွာကို စစ်တပ် မီးရှို့ဖျက်ဆီးပြီး အမျိုးသမီး ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး အသက်အန္တရာယ် စိုးရိမ်းရကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် လက်ပန်းရွာကို အကြမ်းဖက် စစ်တပ် တပ်မ(၅၅)၊ (၁၁)၊ (၁၀၁) မှ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးကာ အမျိုးသမီး ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား​ပြီး ကျေးရွာ အတွင်းမှ ပြည်သူ ၁ ဦးလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

” ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်မှာ သေနတ်တွေ ပစ်ဖောက်ပြီး လက်ပန်းကျေးရွာကို ၀င်ရောက် စီးနင်းတယ်။လာခဲ့တဲ့ တပ်မ(၅၅)၊ (၁၁)၊ (၁၀၁) က စစ်ခွေးအင်အား ၈၀ လောက်က ညနေ ၄ နာရီ ၃၀ မိနစ်လောက်မှာ လက်ပန်းကျေးရွာက လူနေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်။ စစ်ခွေးတွေက ကျေးရွာအတွင်းက အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၄ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ဖမ်းဆီးခံရတဲ့သူတွေ အသက်အန္တရာယ် စိုးရိမ်ရတယ်။ အပြစ်မဲ့ ပြည်သူ အမျိုးသား ၁ ဦးလည်း ပျောက်ဆုံးနေတယ်။ ကျေးရွာထဲမှာ ပြည်သူတွေ ထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပန်းရွာမှ အမျိုးသမီး ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်ပြီး ညနေ ၅ နာရီကျော်ခန့်တွင် ပဆုပ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာရှိ ပြည်သူတချို့၏ နေအိမ်များ၌ ၀င်ရောက်တပ်စွဲ ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article