38 C
Yangon

စစ်ကိုင်းနှင့် တနင်္သာရီတွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာ၊ တန့်ဆည်မြို့နယ်နှင့် တနင်္သာရီတိုင်း ပုလော၊ လောင်းလုံးမြို့နယ်တို့တွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ထံမှ သိရသည်။

မုံရွာတွင် အရက်မူးပြီး အိပ်ပျော်နေသည့် စစ်သားများ လက်ပစ်ဗုံး ပစ်သွင်းခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အရက်မူးပြီး အိပ်ပျော်နေသည့် စစ်ကောင်စီ တပ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရေကူးကန်လမ်း မီးပွိုင့်ဂိတ်၌ အရမ်းမူးပြီး အိမ်ပျော်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုလောတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကဒဲကျေးရွာ အတွင်းသို့ စစ်ကြောင်းထိုးဝင်လာသော အကြမ်းဖက် စစ်တပ်နှင့် PPDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ပြန်လည် ဆုတ်ခွာသွားကြောင်း PPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လောင်းလုံးတွင် ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ် ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့ပေါ်ရှိ ညောင်ပင်လမ်းဆုံအနီးတွင် လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီး အဖွဲ့ဝင် မင်းဝါ ဆိုသူကို ထားဝယ်(ပကဖ) DDT တပ်ခွဲ(၃)နှင့်လောင်းလုံး(ပကဖ) LLPDFရဲဘော်များ တူတကွပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တန့်ဆည်တွင် စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်တွင် တန့်ဆည်မြို့လမ်းဆုံ ရွှေဒေါင်းမင်းတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို MDF – Hydra Force အဖွဲ့က ဒရုန်းဖြင့် အီနာဂါ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article