25.1 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မွန်ပြည်နယ်၊ ကျိုက်မရော-မြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ စစ်ကောင်စီအောက်ခံ ရဲစခန်းနဲ့ တံတားလုံခြုံရေးဂိတ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဒီကနေ့ နိုဝင်ဘာလ ၁၂ ရကပ်နေ့ မနက် ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းနဲ့ ဂိတ်ကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ – ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းချထားတဲ့ ဘောကထာ-ကျေးရွာ အနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်နေသလို ၊ စစ်ကောင်စီ ဘက်က တိုက်ခိုက်ရေး – ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေ က‌ပြောပါ တယ်။ – စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဘီယာတွေ အပါအဝင် စစ်တပ် ထုတ်ကုန်တွေကို ရောင်းချနေတဲ့သူတွေကို ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့ တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article