31 C
Yangon

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းနှင့်တံတားဂိတ် တိုက်ခိုက်ခံရမှုတွင် ဒုရဲမှူး လှကျော်ဦး အပါ အဝင် ရဲ ၉ ဦးပျောက်ဆုံးနေဟု လျှို့ဝှက်ရဲကြေးနန်းဖော်ပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းနှင့်တံတားဂိတ် တိုက်ခိုက်ခံရမှုတွင် ဒုရဲမှူး လှကျော်ဦးအပါ အဝင် ရဲ ၉ ဦး​ပျောက်ဆုံး​နေဟု လျှို့ဝှက်ရဲ​ကြေးနန်း​ကဖော်ပြသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားဂိတ်ကို KNLA နှင့် PDF တပ်များက တိုက်ခိုက်မှုတွင် ဒုရဲမှူး လှကျော်ဦးနှင့် ရဲတပ်သား ၂ ဦးသေဆုံးပြီး ရဲ ၄ ဦး အရှင်ဖမ်းမိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်း မြစ်များထံမှ သိရှိရသည်။

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းနှင့်တံတားဂိတ်ကို ယနေ့ နံနက် ၅ နာရီကျော်အချိန်တွင် KNLA နှင့်PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာတွင် ချောင်းနှစ်ခွဲရဲစခန်းမှ ဒုရဲမှူးလှကျော်ဦးနှင့် ရဲတပ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးကြောင်း၊ ရဲ ၄ ဦးကို အရှင်ဖမ်းမိပြီး လက်နက်များအနေဖြင့် M16 ၄ လက် ၊ AK 47 ၁ လက်၊ ၆၀ မမ ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၆ နာရီ ၃၀ မိ နစ်အထိ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားနှငိ့ရဲစခန်းအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲများ ဝင်ရောက်စီးနင်းတိုက်ခိုက်၍ ရဲစခန်းကို မီးရှို့ရှင်း လင်းလိုက်ကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ လက်ရှိအချိန်အထိ ပစ်ခတ်မှု တချို့ရှိနေသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article