27.1 C
Yangon

မြိုင်တွင် ပြည်သူပိုင် မြေပဲပင်များကို ခိုးယူနေသည့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး၊ ငါးဇွန်းတွင် စစ်တပ် သတင်းပေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ပျူစောထီးများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ တောင်ဘက် ၃ ဖာလုံခန့်အကွာမှာရှိ ရွာခံ တောင်သူများ စိုက်ပျိုးထားတဲ့ မြေပဲခင်းများကို နုတ်ယူနေစဥ် ဒေသခံကာကွယ်ရေး အဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၆ ဦးသေဆုံးကြောင်း သိရသည်။

ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က ပျူစောထီးများကို တိုက်ခိုက်ရန် ယနေ့ နံနက် ၃ နာရီ မိနစ် ၃၀ ခန့်မှ စတင်ပြီး ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဥ် နံနက် ၆ နာရီခန့်တွင် တောင်သူများ စိုက်ပျိုးထားသည့် မြေပဲခင်းနားကို ပျူ စောထီး ၁၀ ဦးခန့် ရောက်ရှိလာပြီး တောင်သူများ စိုက်ပျိုးထားသည့် မြေပဲခင်းများကို ဝင်ရောက်နုတ်နေစဥ် ဒေသခံ ကာကွယ်ရေး အဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၆ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myaing Underground Defence Force-MUGDF၊ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ မုန်တိုင်း ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ​တွင်နေထိုင်သည့် စစ်တပ် သတင်းပေး မြေတိုင်းစာရေး ခင်မောင်သန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မြို့သာတွင် နေထိုင်သည့် မြေတိုင်းစာရေး ခင်မောင်သန်းသည် ဆိုင်ကယ်စီးလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ခင်မောင်သန်းသည် စစ်တပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေး အင်အားစုများ၏ တည်နေရာများကို မြေပွဲစား ဟန်ဆောင်ပြီး ထောက်လှမ်း သတင်းပေး နေ​သောကြောင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီ ပြောက်ကျားတပ်ဖွဲ့နှင့် အတူ Myitnge – People Defence Force မန္တလေးခရိုင်၊ အမှတ် ( ၅ ) တပ်ရင်း တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article