21 C
Yangon

မြောင်မြို့နယ်တွင် အိမ်ခြေ ၁၀၀၀ နီးပါးရှိ မြစ်ဆုံကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု ရွာလုံးကျွတ်းနီးပါး ပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အိမ်ခြေ ၁၀၀၀ နီးပါးရှိ မြစ်ဆုံကျေးရွာကို စစ်တပ်က နိုဝင်ဘာလ ၁၂ ရက်နေ့ တစ်နေ့လုံး မီးတင်ရှို့မှုကြောင့် ရွာလုံးကျွတ်းနီးပါး ပြာကျသွားကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ တစ်နေကုန် အိမ်ခြေ ၁၀၀၀ နီးပါးရှိသော မြစ်ဆုံကျေးရွာကို စစ်တပ်က မီးတင်ရှို့ကြောင်း၊ လက်ရှိအချိန်တွင် စစ်တပ်က ရွာတွင်ပင် တပ်စွဲထားသဖြင့် ပြည်သူများနှင့်ဒေသကာကွယ်ရေးတပ်များ ရွာအခြေအနေကို ဝင်ရောက် မကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ဒေသကာကွယ်ရေးတပ်များက ဝင်တိုက်ရန်ပြင်ဆင်ခဲ့သော်လည်း စစ်တပ်က ကျေးရွာတွင် ဓားစာခံအဖြစ် ပြည်သူများကို ဖမ်းဆီးထားသဖြင့် အခြေအနေကို စောင့်ကြည့်နေကြောင်း သိရှိရသည်။

“စစ်တပ်က အခုအချိန်အထိ ရွာထဲကမထွက်သေးတော့အတိကျမသိရသေးဘူး။ ကျနော်တို့ ဝင်တိုက်ဖို့ ရွာနားကပ်သွားတော့ ရွာထဲက ပြည်သူတွေကို သေနပ်သံတစ်ချက်ကြားရင် တစ်ယောက်ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်နေသံကြားရတယ်။ အခု စစ်တပ်က မီးရှို့ထားတာကို ကြည့်ရတာ အဝေးကကြည့်ပုံထောက်ရင် ၃ ပုံ ၂ ပုံအနည်းဆုံးပဲ ပြာကျနေပြီ။ အခုအကြိမ်နဲ့ဆို ၃ ကြိမ်မြောက် စစ်တပ်က မီးရှို့တာ” ဟု ဒေသကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က မြောင်မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့မှစတင်ပြီး စစ်ကြောင်းများထိုးကာ ကျေးရွာများကို မီးရှို့ခြင်းနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံ ပြည်သူများထံ မှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article