ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရန်ကုန်မြို့တော်ရှိ YBS ကားများပေါ်တွင် Failed Law လှုပ်ရှားမှုပြုလုပ်ပြီး ပြည်သူများလည်း ပူးပေါင်းပါဝင်ကြောင်း ရန်ကုန်လူထုသပိတ်က ပြောသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ရန်ကုန်လူထုသပိတ်က YBS ကားများပေါ်တွင် Failed Law လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ တော်လှန်လူငယ် Demon ကလည်း လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ပြည်သူလူထုအသုံးများသည့် မြို့ပတ် ခရီးသွား Bus ကားများပေါ်တွင် ထိုလှုပ်ရှားမှုကို ပါဝင်ခဲ့ကြောင်း၊ ထို့အတူ ပြည်သူများလည်း
ပူးပေါင်းပါဝင်လာသည်ကို အားတက်စရာ တွေ့မြင်ရကြောင်း ပြောဆိုထားသည်။