ရန်ကုန်၊ နိုဝင်ဘာ ၁၃
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ဘုန်းကြီးရဟန်းဖြစ်စေ လူဖြစ်စေ အဓမ္မလူယုတ်တွေကို ကျရာနေရာက တော်လှန်နေခြင်းသည် တိုင်းပြည်အတွက် လူသားဆန်ခြင်းမျှဖြစ်သည် ” စာတန်းကိုင်ဆောင်ကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။