ရန်ကုန်၊ နိုဝင်ဘာ ၁၆
မုံရွာ-အရာတော် လမ်းပိုင်းရှိ အနောက်မြောက်တိုင်း မြို့တော် မုံရွာမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် ၁၀၂ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲတွင် “လူထုအားနဲ့ပြည်သူ့အာဏာကို တိုက်ယူကြ” စာတန်းကိုင်ဆောင်ပြီး အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အတူ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။