Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရခိုင်ပြည်နယ်မှာ စစ်တပ်က မနေ့က အသက် ၈ နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၁၄ ဦးကို ပစ်ခတ် သတ်ဖြတ်လိုက်ပြီး ကလေးကင်ပွန်းတပ်ပွဲအလှူကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သေဆုံးမှု များပြားတယ်လို့ ရခိုင်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။ -ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က မိုင်းလုပ်ကွက်တွေကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကျဲတာဟာ စစ်ရေးပစ်မှတ် မဟုတ်မှန်းသိသိနဲ့ ဗုံးကျဲတိုက်ခိုက်တာလို့ အကြမ်းဖက်ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်းက ဝန်ခံပြော ဆိုလိုက်ပါတယ်။ – မန္တလေး၊ မိတ္တီလာစစ်ဆေးရုံကို လာရောက်ကုသတဲ့လူနာတွေကို စစ်ဆေးဆရာဝန်တွေက လိုင်စင်မဲ့ပုဂ္ဂလိက Grand ထီလာအထူးကုဆေးရုံကို ခေါ်ယူပြီး ငွေကျပ်သိန်းပေါင်းများစွာရယူ ဆေးကုသမှုပေးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။