ရန်ကုန်၊ နိုဝင်ဘာ ၁၇
အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ စုပေါင်း၍ “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းကြ” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
အဆိုပါလှုပ်ရှားမှုကိုတာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)၊ရွေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊
အရှေ့ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ-YRSC၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ(SPTSC)တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။