ရန်ကုန်၊ နိုဝင်ဘာ ၁၈
မကွေးတိုင်း၊ ပခုက္ကူတွင် စစ်အင်အား ၆၀ ခန့်လိုက်ပါသော စစ်ကား ၃ စီးကို ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၂၀ ခန့်သေဆုံးကြောင်း ပခုက္ကူအခြေစိုက် နဂါးညီနောင်ပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်အင်အား ၆၀ ခန့်လိုက် ပါသော စစ်ကား ၃ စီးကို နဂါးညီနောင်ပျောက်ကြားအဖွဲ့က ပဒေဿာမိုင်း ၈လုံးတွဲဖြင့် တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ် ရာရရှိကြောင်း ၊ နဂါးညီနောင် အဖွဲ့က နို၀င်ဘာလ ၁၇ ရက်နေ့နှင့် နိုဝင်ဘာ လ ၁၈ ရက်နေ့ နှစ်ရက်အတွင်း စစ်သား ၂၄ ဦး သေဆုံးစေခဲ့ပြီး ၉ ဦးထက် မနည်း အပြင်းထန်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
နို၀င်ဘာလ (၁၇)ရက်နေ့ညနေ ၃ နာရီ ၄၀ မိနစ် အချိန် ပခုက္ကုမှ အရှေ့ချောက် ကန်ရွာဘက်ကို စီးနင်းလာသော စစ် ယာဥ်တန်းသည် ပျူစောထီးများကို အရေး ပေါ်ဆေးကုသနိုင်ရန် သယ်ဆောင်လာသော ကားတန်းဖြစ်ကြောင်း၊ ယမန်နေ့ အဆိုပါ ကားတန်းကို နဂါးညီနောင်အဖွဲ့က ကြားဖြတ် တိုက်ခိုက် မှုကြောင့် ကားတစ်စီးပျက်စီး၍ရှေ့ဆက်မသွားဘဲ ကျန်ကားတစ်စီးဖြင့် ပခုက္ကူ ဘက်သိူ့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ယနေ့နံနက်တွင် အင်အား ၆၀ ဦးခန့်ပါ စစ်ယာဉ်တန်းဖြင့် ထပ်မံလာရောက်စဉ် ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို PDF ကာကွယ် ရေး တပ်ပေါင်းစု က လက်နက်ကြီး များ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာတွင် တပ်စွဲထားသော အင်အား ၂၀၀ ခန့်ရှိသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြောင် လက်သည်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက် စစ်ကြောင်းကို နန်းတက်မင်း- Local တော်လှန်ရေး အင်အားစု၊ ကြောင်လက်သည်း-ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်ကောင်းကင်-တော်လှန် ရေး အင်အားစု နှင့် Dynamite – ကာကွယ်ရေးတပ်ခွဲတို့ ပူးပေါင်းပီးကာ ၆၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြု နိုင်သေးကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ရိက္ခာယာဉ်တန်း။